Friday, March 14, 2008

တစ်ကမ္ဘာလုံးနှီးနွယ်ဆက်စပ်မှုဖြစ်စဉ်ဆိုတာ (Globalization)


Globalization ဆိုသည်မှာ တစ်ကမ္ဘာလုံးနှီးနွယ်ဆက်စပ်မှုဖြစ်စဉ်ကို ခေါ်ဆိုခြင်းဖြစ်ပါတယ်။ တစ်နည်း အားဖြင့်ဆိုသော် ကမ္ဘာကြီးသည် ရွာကြီး တစ်ရွာကဲ့သို့  ဖြစ်သွားပြီး ရွာအရှေ့ ပိုင်းတွင် ဖြစ်ပေါ်ပြောင်းလဲနေမှု များကိုရွာအနောက်ပိုင်းမှ တခဏအတွင်းချက်ချင်းသိနိုင်သလို ကမ္ဘာကြီး၏အရှေ့ ဘက်ပိုင်းတွင် ဖြစ်ပေါ်ပြောင်း လဲနေသော သတင်းအချက်အလက်များကို မိုင်ပေါင်းများစွာ ဝေးကွာသော ကမ္ဘာ့ အနောက်ပိုင်းမှ အချိန်နှင့် တပြေးညီချက်ချင်းသိရှိနိုင်လာခြင်းပင်ဖြစ်ပါတယ်။

ကွန်ယက်ဆက်သွယ်မှု (Internet) စနစ်ကြောင့်ပင် Online ပေါ်မှ ပညာသင်ကြားနိုင်ခြင်း၊ စီးပွားရှာနိုင်ခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိနိုင်ခြင်း၊ သတင်းအချက်အလက်များ ရယူ နိုင်ခြင်း ၊ နည်းပညာများ ရရှိ နိုင်ခြင်း ၊ အခြားအခွင့်အလမ်းများ ရရှိနေနိုင်ပြီဖြစ်ပါတယ်။

ဤကဲ့သို့  တစ်ကမ္ဘာလုံးနှီးနွယ်ဆက်စပ်မှု ဖြစ်ပေါ်လာသည်မှာ အောင်မြင်မှု ကောင်းကျိုး များရှိနိုင်သလို ဆုံးရှုံးမှု ဆိုးကျိုးများလည်း ဆက်တိုက်ဖြစ်ပေါ်နေသည်ကို အားလုံးသတိပြုရန် လိုပါမည်။ ထိုသို့  နှီးနွှယ်ဆက်စပ် နေမှုဆိုသည်မှာလည်း Information Technology (IT) သတင်း အချက် အလက်နည်းပညာကြောင့်ပင် ဖြစ်ပါသည်။ IT ဟုဆိုရာ၌ ဆက်သွယ်ဆောင်ရွက်ခြင်း (Communication)၊ သယ်ယူပို့ ဆောင်ရေးရှိခြင်း (Transportation) နှင့် ကွန်ယက်ဆက်သွယ်မှု (Internet) တို့  သည် အဓိကကျသည့် အခန်းကဏ္ဍမှ ပါဝင်ပါ သည်။ ထိုထဲတွင်မှ ကွန်ယက် ဆက်သွယ်မှုစနစ် (Internet) သည် တစ်ကမ္ဘာလုံးရှိ လူများအသုံးပြု ဆောင်ရွက် နေကြသည့် အရာ ဖြစ်ပါသည်။ ကွန်ယက် ဆက်သွယ်မှုစနစ် (Internet) များတွင် Virus ၀င်ရောက်တိုက်ခိုက် မှုများ၊ Hacker များမှ Data နှင့် Information များကို ခိုးယူသုံးစွဲခြင်းများ ၊ ထို့ ပြင် ယခုခေတ်စားနေသော Phishing ဟုခေါ်သည့် နည်းလမ်းဖြင့် မိမိ၏ ဘဏ်စာရင်း(Bank Account)၊ ကြွေးဝယ်ကဒ် (Credit Card) များ ထဲမှ ငွေများကိုခိုးယူသုံးစွဲနေခြင်းများ အစရှိသည့် ကိစ္စများ ဖြစ်ပေါ်နေခြင်းမှာ တစ်ကမ္ဘာလုံးနှီးနွှယ် ဆက်စပ် မှုဖြစ်စဉ် (Globalization)ဆိုသည့် အရာဖြစ်ပေါ်လာပြီးမှ ရင်ဆိုင်ရသော ဆိုးကျိုးကိစ္စရပ်များပင် ဖြစ်ပါသည်။ အထက်ပါဆိုးကျိုးများကို နည်းပညာများ အရမ်းတိုး တက်ပါသည်ဆိုသော အနောက်နိုင်ငံကြီးများမှာပင်ယနေ့ ထိတိုင်ရင်ဆိုင်ကြုံတွေ့  နေရပါသည်။

ဆိုးကျိုးများအနေဖြင့် Virus တိုက်ခိုက်မှုကြောင့် ကမ္ဘာ့နိုင်ငံ တော်တော်များများတွင် ကွန်ပျူတာ စနစ် များပျက်ဆီးရခြင်း၊ အရေးကြီးသော Data များ ပျက်ဆီးဆုံးရှုံးရခြင်း၊ Y2K ပြဿနာကြောင့် နိုင်ငံအချို့ တွင် ကွန်ပျူတာကွန်ယက်နှင့်ပတ်သက်မှုများ ပျက်ဆီးဆုံးရှုံးခြင်းများ ကြောင့်ငွေကြေးနှင့်အချိန်တို့  ဆုံးရှုံးရခြင်းများ ဖြစ်ပေါ်ခဲ့ရပါသည်။ အဆိုပါ ဆိုးကျိုးများအား ယနေ့  အချိန်ထိ တားဆီးထိန်းချုပ်နိုင်စွမ်း မရှိသေးပါ။

Internet ကွန်ယက်စနစ်များကြောင့် အချိန်နှင့်တပြေးညီ ဆက်သွယ် ဆောင်ရွက် သိရှိရနိုင်မှု အကျိုး ကျေးဇူးများရရှိနိုင်သလို ဆုံးရှုံးမှု ဆိုးကျိုးများလည်း ရှိနေပါတယ်။ ဆိုးကျိုးများ အနေဖြင့် Internet ပေါ်တွင် အရွယ်မရောက်သေးသူ ကလေးသူငယ်များအား လိင်ဆက်ဆံမှု ကိစ္စများ ဖြင့် ဖျားယောင်းခံရခြင်း၊ မိန်းကလေး များအား မဟုတ်မဟတ်ပုံများပြုလုပ်၍ ထုတ်လွှင့်ဖော်ပြနေခြင်း၊ Movie File များလွှင့်တင်ထားခြင်း၊ လောင်း ကစားမှုများ ပိုမိုများပြားလာခြင်း၊ မူးယစ်ဆေးဝါးရောင်းဝယ်မှုများ နှင့် အကြမ်းဖက်လုပ်ရပ်များအကြောင်း လွှင့်တင်လာခြင်း၊ Network Game များအား အလွန်အကျွံကစားခြင်းများကြောင့် မဖြစ်သင့်သော ဆိုးကျိုးများ ဖြစ်ပေါ်တွေ့ ကြုံနေရသည်မှာ ငြင်းဖွယ်ရာမရှိပါ။

Information Technology (IT) ဟုဆိုရာ၌ ဖွံ့ ဖြိုးဆဲ နိုင်ငံများတွင် လူသားတိုင်း တတ်သိနားလည် လေ့လာသင်ယူနိုင်ရန်အတွက် လိုအပ်သော အထောက်အကူပစ္စည်းများ ၊ နည်းပညာများသည် ဈေးနှုန်း မြင့်မား သောကြောင့် လူတိုင်းကိုင်တွယ်အသုံးမပြုနိုင်ကြပါ။ ယခုအခါတွင် ကွန်ပျူတာပင်လျှင် လူတိုင်းလူတိုင်း သုံးစွဲ နိုင်ခြင်း ၊ တတ်ကျွမ်းခြင်း မရှိသေးသည်ကို တွေ့ နေရပါသည်။ Mobile ဖုန်းများပင် လူတိုင်း သုံးစွဲနိုင်ခြင်း မရှိ သေးပါ။

သို့ အတွက်ကြောင့် Globalization ပေါ်ပေါက်လာမှုတွင် ငွေကြေးကုန်ကျများခြင်း၊ လူတိုင်းစေ့ ပါဝင် ပတ်သက် သုံးစွဲနိုင်မှုမရှိခြင်းများ ဖြစ်ပေါ်နေသည်မှာ မသိမမြင်ကြ၍ပဲလား ၊ လစ်လျရှုထား၍ပဲလား မဆိုနိုင်ပါ။ တစ်ကမ္ဘာလုံးနှီးနွှယ်ဆက်စပ်မှုဖြစ်စဉ် (Globalization) တွင် ကောင်းကျိုးများ ရှိနိုင်သလို ဆိုးကျိုးများလည်း ရှိနေသေးသည်မှာ အမှန်ဧကန်ပင်ဖြစ်ပါတယ်။

(မိတ်ဆွေတို့  ရဲ့  ထင်မြင်ယူဆချက်များကိုလည်း မျှော်လင့်မိပါတယ် . . . . . .။) Virgo