Saturday, March 29, 2008

ထပ်တူထပ်မျှ ဝမ်းနည်းမိပါတယ်

ကျွန်တော် နှင့် လုပ်ငန်းအတူ
လုပ်ကိုင်ဆောင်ရွက်နေတဲ့ အစ်မရေ

အစ်မရဲ့ ကျေးဇူးရှင်ဖခင်ကြီး ၂၉-၃-၂၀၀၈ ရက်နေ့(စနေနေ့)
ညဦးပိုင်း(၂၀း၀၀)အချိန်ဝန်းကျင်၌ ကွယ်လွန်အနိစ္စ ရောက်သွားတယ်
ဆိုတာ ကြားသိခဲ့ရတဲ့အတွက် မိသားစုများအားလုံးနှင့်
ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲ ဖြစ်ခဲ့ရပါတယ်။

ကွယ်လွန်သူ အစ်မရဲ့ ဖခင်ကြီး ကောင်းမွန်ရာ ဘုံဘဝသို့
ရောက်ရှိပါစေလို့ ဆုတောင်းမေတ္တာပို့ပါတယ်။

အစ်မရေ

အစ်မ တစ်ယောက် အဝေးတစ်နေရာ ရောက်ရှိတာဝန်ထမ်းဆောင်
နေသော်လည်းအစ်မရဲ့ ကျေးဇူးရှင်ဖခင်ကြီး မကွန်လွန်မီအချိန်အထိ
ဖခင်ကြီးအနားမှာ ပြန်လည်ရောက်ရှိနေပြီး အစ်မပဲ အနီးကပ်ပြုစု
စောင့်ရှောက် ပေးနိုင်ခဲ့တာတွေဟာ
ဘုရားသခင်ရဲ့ ဂုဏ်ကျေးဇူးကြောင့် ပါအစ်မရယ်. . .။
လူတိုင်းလူတိုင်း
တစ်နေ့နေ့မှာ
ခွဲခွာသွားကြရမြဲပါ အစ်မရယ် . . .
ကျေးဇူးရှင်ဖခင်ကြီးကို ပြုစုစောင့်ရှောက်မှု ပေးနိုင်ခဲ့တာတွေ
အားလုံး မိဘကိုကျေးဇူးဆပ်ချင်းတစ်မျိုးပါအစ်မရယ် . . .။

ကျွန်တော့်အပေါ် ထိန်းသိမ်းစောင့်ရှောက်
ကိုယ်ချင်းစာ ပေးခဲ့တဲ့ အစ်မ အပေါ် . . . . .
အစ်မ စိတ်နှလုံး ကြေကွဲဝမ်းနည်းနေရတဲ့အချိန်မှာ
ကျွန်တော် ပြန်ပြီး ကူညီစောင့်ရှောက်မှု မပေးနိုင်ခဲ့တာတွေအတွက်
အများကြီးတောင်းပန်ပါတယ် အစ်မရယ် . . .။
အစ်မ နဲ့ထပ်တူ ဝမ်းနည်းမိပါတယ် အစ်မရေ . . .။

မောင်ငယ် ဖိုးသောကြာ
(29-3-2008 - 22း20)

No comments: