Friday, March 14, 2008

တန်ဆောင်မုန်းလပြည့်နေ့  ည အတွေ့ အကြုံ တစ်ခု



တန်ဆောင်မုန်းလပြည့်နေ့  ည (၂၄.၁၁.၂၀၀၇) ရက်နေ့  ညနေ ၆း၃၀ နာရီမှာ နေပြည်တော် ရဲ့  မြို့တော်ခန်းမ ရှေ့ ကွင်းပြင်ကျယ်ကြီးမှာ တန်ဆောင်တိုင်မီးပုံးပျံ လွှတ်ပြိုင်ပွဲကြီး ကျင်းပပါတယ်၊ “မြိုင်မြိုင်ဆိုင်ဆိုင် လတန်ဆောင်တိုင်” ဆိုတဲ့အတိုင်း ၂၀၀၇ ခုနှစ် နိုဝင်ဘာလ (၁၇ မှ ၂၅) ထိ တောင်ကြီးမြို့  မှာလည်း တန်ဆောင်တိုင်မီးပုံးပျံပွဲ ကို စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ပါတယ်။

တန်ဆောင်းမုန်းလပြည့်နေ့  ည (၂၄.၁၁.၂၀၀၇) ရက်နေ့  ည မှာနေပြည်တော် မြို့တော်ခန်းမမှာ ကျင်းပတဲ့ မီးပုံးပျံ လွှတ်ပြိုင်ပွဲ ကို ကျွန်တော်ရောက်သွားခဲ့ပါတယ် . . . . . ၊
ကျွန်တော့်ဌာန မှ သွားချင်သူအတော်များများကို လိုက်လံခေါ်ဆောင်ပြီး ပို့ ပေးခဲ့ရပါတယ်၊
ဒါကလဲ အခုခေတ်စားနေတဲ့ စပွန်ဆာ ရှိလို့  ပျော်ရွှင်စွာပို့ ပေးနိုင်ခဲ့တာပါ . . .။

ကွင်းပြင်ကြီးထဲမှာ . . . . . မီးပုံးပျံလွှတ်မဲ့သူတွေ နဲ့ လာရောက်ကြည့် ရှုသူတွေ အများကြီးပဲ ပျော်စရာကောင်းပါတယ်. . .။
ရောက်တယ်ဆိုရင်ပဲ ကားပေါ်ပါသူအားလုံးကိုအဆင်းမှာအချိန် သတ်မှတ်ချက်တစ်ခုမှာလိုက်ပါတယ်၊ သတ်မှတ်ချိန် အတွင်းပြန်လာ နိုင်ရန်ဖြစ်ပါတယ်၊မီးပုံးပျံလွှတ်တာ တစ်ခါမှ မမြင်ဘူးတဲ့ ကျွန်တော့်အတွက် အထူးအဆန်း ဖြစ်နေပါတယ်၊

သို့ အတွက်မီးပုံးပျံကို မှိုင်းတိုက်တဲ့ မီးတောက်တွေ အနားထိ အနီးကပ်ကြည့်တယ်၊ မီးအလှဆင်ပုံတွေ ကိုလိုက်လေ့လာတယ် မီးပုံးပျံလွှတ် မယ့် အဖွဲ့  မှာ မှိုင်းတိုက်နေတုန်းမှာပဲ ရှမ်းအိုးစည်တွေ ၊ မောင်းတွေနဲ့  တီးခတ်နေကြပြီး က ခုန်နေကြတာ ပျော်စရာပဲ. . .ယမ်းများ ၊ မီးအလှဆိုင်းများကို အဖွဲ့ လိုက်ကိုင်ဆောင်သူများ၊ မီးအလှထွန်းညှိနေသူများ ၊ မီးပုံးပျံ မှိုင်းဝအောင် မှိုင်းတိုက်သူများ၊ မှတ်တမ်းတင်ဓါတ်ပုံရိုက်သူများ ၊ စီစဉ်ညွှန်ကြားသူများနဲ့ အားလုံး ကိုယ်စီကိုယ်စီ ကျရာတာဝန်ကို တညီတညွတ်တည်း လုပ်ဆောင်နေတာ ဟာ စည်းလုံးညီညွတ်မှု ကိုဖော်ဆောင်နေပါတယ်။

လွှတ်တင်ကြတဲ့ မီးပုံးပျံတွေရဲ့တန်ဖိုးဟာ (၁၀) သိန်းအထက်မှာရှိပါတယ်. . .အကုန်အကျများသလို တကယ်လည်းကြည့်လို့  ကောင်းတယ်၊ အပေါ်ကိုတက်သွားလေ မီးရှုးမီးပန်းတွေက ကျလာလေပဲ ၊ အချို့  မီးပုံးပျံတွေ မှာဆို စာတန်းတွေ ၊ မြန်မာပြည်မြေပုံတွေ၊ ကုမ္ပဏီ တံဆိပ်တွေကို ရောင်စုံ မီးတွေထွန်းညှိပြီး လွှတ်တင်လိုက်ကြတယ်. . . . .။
အပေါ်ရောက်ရင်မီးရှုးမီးပန်းတွေ ဖြာထွက်လာတာ အကြာကြီးပဲ၊ တော်တော်နဲ့  မီးမငြိမ်းနိုင်အောင် လုပ်ထားကြတာဟာလည်း ယမ်းမီး အချိတ်အဆက် ချိန်ညှိနိုင်မှု ပညာရပ်ပါပဲ၊ တစ်ဖွဲ့ ပြီး တစ်ဖွဲ့  ယှဉ်ပြိုင်ရတယ်၊ အချို့  မီးပုံးပျံတွေက အန္တရာယ်ရှိတာတွေ့  ရပါတယ်
အပေါ်မရောက်သေးဘူး အောက်ခြေမှာတွင် မီးရှုးမီးပန်းတွေပေါက်ကွဲထွက်ကုန်ပါတယ်၊ အနားမှာ ရှိတဲ့သူများ ထိမိရင်အန္တရာယ်ရှိနိုင်ပါတယ်။

ကျွန်တော်တို့  အဖွဲ့  တွေ တော်တော်ကြာအောင် လျှောက်ကြည့်ပြီးတော့ သတ်မှတ်ချိန်မှာပြန်ကြပါတယ်. . .

ဒါပေမဲ့ . . . အဲဒီမှာ စတာပဲ
အများနဲ့  ဆက်ဆံတဲ့အချိန်မှာ အားလုံးတညီတညွတ်တည်းဖြစ်ရမယ်ဆိုတာ သတိမထားဘဲ ကိုယ်သဘောအတိုင်း လုပ်ကိုင်ဆောင်ရွက်မိရင် အခြားသူတွေကို စိတ်အနှောက်အယှက်ဖြစ်နိုင်ပါတယ် ဆိုတာကို သိလိုက်ရပါတယ် . . . . . ။

အမှတ်တရအနေနဲ့ အတွေ့ အကြုံတစ်ခု ရခဲ့တဲ့ ညကလေးပါပဲ . . . . .။



ဖိုးသောကြာ

No comments: