Friday, May 30, 2008

USB Storage Device တွေ သုံးလို့မရအောင် ပိတ်ထားချင်ရင် . . .

အခုခေတ်မှာက Data Transfer လုပ်ဖို့ အဆင်ပြေဆုံးက USB Device တွေပဲဖြစ်တယ်၊ ကျွန်တော်တို့ သုံးနေတဲ့ ကွန်ပျူတာများမှာ Virus ကူးစက်နိုင်တာ USB Device အသုံးပြုခြင်းကနေ ကူးစက်တာ အဓိက အချက်ပဲဖြစ်တယ်။ ဒါပေမဲ့ USB port တွေကို အသုံးပြုခွင့် ပိတ်ထားတယ်နိုင်တဲ့နည်းတွေအများကြီးရှိပါတယ် ။ CMOS ထဲကနေ USB ကို disable လုပ်ထားနိုင်တယ် ၊ ဒါ့အပြင် အခြားနည်းတွေလည်းရှိသေးတယ်၊

Windows XP မှာ USB storage device တွေကိုပဲ အသုံးပြုခွင့် ပိတ်ချင်တယ် ဆိုရင်
အောက်ပါအချက်များကို ဖော်ပြပေးလိုက်ပါတယ်-

(၁) Start Menu ကို click လုပ်ပြီး Run ကို ရွေးပါ... (Windows Key + R ကို နှိပ်ရင်လည်း ရပါတယ်)
(၂) ပေါ်လာတဲ့ Open Bar ရဲ့ဘေးမှာ ရှိတဲ့ box ထဲမှာ regedit လို့ရိုက်ထည့်ပြီး OK ကို ကလစ်လုပ်ပါ...
Registry Editor ပေါ်လာပြီဆိုရင်...
(၃) HKEY_LOCAL_MACHINE » SYSTEM » CurrentControlSet » Services » UsbStor ကိုနှိပ်ပါ။
(၄) ညာဘက် pane ထဲက Start ကို double click နှိပ်ပါ...
(၅) Value Data အောက်ကပ်ရပ်မှာ ရှိတဲ့ text box ထဲမှာ 4 လို့ ပြင်ရိုက်ထည့်ပါ... Hexadecimal ကို
မရွေးထားရင် ရွေးပေးပါ... ပြီးရင် OK ကိုနှိပ်ပါ...
(၆) Registy Editor ထဲမှ ထွက်လိုက်ပါ....။




(USB Storage device တွေ အသုံးပြုခွင့် ပြန်ပေးချင်တယ် ဆိုရင်တော့ Value Data မှာ 3 လို့ရိုက်ထည့် ပေးရမှာပါ...)



ကိုမောင်လှဘလော့ခ်
မှ ဖတ်ထားသည်များကို တဆင့်ဖော်ပြခြင်းဖြစ်ပါသည်။

ဖိုးသောကြာ 1.6.2008 - 00:54AM