Thursday, June 19, 2008

ကိုယ်ချင်းစာ တယ်ဆိုတာ . . .

ကျွန်တော် ဟာ မြန်မာစာနဲ့ ကျောင်းပြီးခဲ့ပေမယ့် ကျွန်တော် တော်တော်ညံ့သေးတယ်ဆိုတာ သိလိုက်ရတဲ့အချိန်က တော်တော်ကြာခဲ့ပါပြီ . . .။ မေ့မရသေးတာ အခုအချိန်ထိပါပဲ . . .။
အဲဒီအချိန်က စလို့ ကိုယ်ချင်းစာတယ် ဆိုတဲ့ စိတ်လေးကို ဖျောက်ဖျက်ပစ်လိုက်ရပါပြီ . . .။
ကျွန်တော်ကိုယ်တိုင် ကြုံတွေ့ခဲ့ရတဲ့ ပြဿနာတစ်ခုပါ ၊ အဲဒီပြဿနာ က ကျွန်တော်ရော အခြားပုဂ္ဂိုလ်တစ်ဦး အပါအ၀င် နှစ်ယောက်စလုံး ရင်ဆိုင်ရတဲ့ လုပ်ငန်းနဲ့ပတ်သက်ပြီးကြုံတွေ့ရတဲ့ ကိစ္စလေးတစ်ခုပါ၊ (အသေးစိတ် မပြောတော့ပါဘူး၊ ပုဂ္ဂိုလ်ရေးပါမှာ စိုးတာရယ်၊ ပြောချင်တဲ့အကြောင်းအရာ ဦးတည်ချက် လွဲသွားမှာစိုးတာရယ်ကြောင့်ပါ)
အဲဒီကိစ္စမှာ ကျွန်တော်လည်း ထိခိုက်ခဲ့ရပါတယ်၊ နစ်နာဆုံးရှုံးသွားခဲ့ရတယ် ၊ နောက်ပြီး အခြားသူမှာလည်း အဓိက ထိခိုက်နစ်နာဆုံးရှုံးခဲ့ရပါတယ်။ ဒါပေမဲ့ ကျွန်တော်ကိုယ်တိုင်သူ့ကို နှစ်သိမ့်အားပေးခဲ့တယ်၊ သူကို မကျဆုံးစေချင်ဘူး၊ လက်မြှောက်အလျော့ မပေးစေချင်ဘူး၊ အဲဒီအတွက်ကြောင့် သူ့ကို အမြဲတမ်းအားပေးနေတယ်၊ ဖေးမကူညီခဲ့တယ်၊ လက်တွဲခေါ်ခဲ့တယ်၊
ကျွန်တော်သူ့ ကို ပြောမိတာက . . .
”ကိုယ် ကိုယ်တိုင်လည်းခံစားခဲ့ရပါတယ် ၊ ကျွန်တော့်မှာ ရှိတဲ့စွမ်းအားတွေရော အင်အားတွေပါ လဲပြိုခဲ့ရပါတယ်။
မင်းကိုလည်း ကိုယ်ချင်းစာပါတယ်၊
ဒါပေမဲ့ . . .
ရှောင်လွှဲလို့မရနိုင်ဘူး ၊ ရင်ဆိုင်ရမှာပဲ စိတ်ဓါတ်မကျပါနဲ့
အလျော့မပေးပါနဲ့ ၊ ရင်ဆိုင်နိုင်စွမ်းရှိတယ်ဆိုတာ ဖြစ်အောင်ကြိုးစားလိုက်ပါ၊
ဘယ်တော့မှ အရှုံးမပေးပါနဲ့” ပြောမိတယ် . . .။
အဲဒီမှာ သူပြန်ပြောတာက
မင်းကိုငါတစ်ခုမေးမယ်
ကိုယ်ချင်းစာတယ် ဆိုတဲ့ စကားလုံးရဲ့ မြန်မာလို အဓိပ္ပါယ် က ဘာလဲတဲ့”
ကိုယ်တော်တော်ကြောင်သွားတယ်၊ ချက်ချင်းစဉ်းစားတာ အဖြေမထွက်ဘုး၊
မသိဘူးဆိုတော့ . . .
”ကိုယ်ချင်းစာတယ်ဆိုတာ . . . .
ကိုယ်စားဝင်ခံစားနားလည်ပေးတာ”
တဲ့
ကျွန်တော်ကလည်းမလျော့ဘူး၊
”ဟုတ်တယ်လေ” ဆိုတော့
”ကိုယ်စားဝင်ခံပေးတာ မိမိကိုယ်တိုင်လောက် မခံစားရပါဘူးကွာ”
အဲဒါကို မင်းနားလည်လား တဲ့ ၊ လက်ခံနိုင်လား တဲ့ . . .
ကျွန်တော့် စိတ်ထဲ တော်တော်လေး ထိသွားတယ်၊

အချိန်တွေကြာလာတဲ့အထိ အဲဒီအကြောင်းအရာ ၊ အဲဒီစကားလုံးက ခေါင်းထဲက မထွက်နိုင်တော့ဘူး၊ ကိုယ့်ကိုကိုယ် ပြန်စဉ်းစားနေမိတယ်၊
နောက်တော့မှ သူပြောတာ ဟုတ်ပါတယ်၊ မှန်လည်းမှန်နေတာပဲ ဆိုတာကို လက်ခံလိုက်ရပါတယ်၊ ကိုယ်ချင်းစာတယ်ဆိုတာ ကိုယ်တိုင်ခံစားရာမှ မဟုတ်တာ၊ ဘာဖြစ်လို့လဲ ဆိုတော့ . . . . .
တစ်ချိန်က ကျွန်တော် ကား accident ဖြစ်ခဲဘူးတယ်၊ အဲဒီတုန်းက နားထင်မှာ (၈)ချက်လောက် ချုပ်လိုက်ရတယ်၊ အဲဒီလိုဖြစ်နေချိန်မှာ ကျွန်တော့်ကို ခင်မင်တဲ့သူငယ်ချင်းများ ၊ မိတ်ဆွေ အပေါင်းအသင်းများ က လာမေးကြတယ်၊ အားပေးကြတယ်၊ ” တော်တော်ထိသွားလား၊ အခြေအနေပြင်းလား၊ စိုးရိမ်ရလား နဲ့ ခေါင်းမူးလား ၊ ဓါတ်မှတ်ရိုက်ကြည့်လားတဲ့၊ မပေါ့နဲ့နော် ဆိုတာကော ” လိုအပ်တာတွေဝိုင်းကူညီကြတယ်၊ အမှန်က သူတို့က နှုတ်ဖြင့်သော်လည်းကောင်း၊ စောင့်ရှောက်မှုသော်လည်းကောင်း ၀ိုင်းဝန်းဆောင်ရွက်ပေးကြပါတယ်၊ ကူညီကြတယ်၊ ဒါပေမဲ့ . . . သူတို့ကို ကျွန်တော်စော်ကားတာမဟုတ်ပါဘူး၊ သူတို့ကိုယ်တိုင် ကျွန်တော့်လို ကား accident ဖြစ်ခဲ့တာမှ မဟုတ်တာ ၊ ကျွန်တော့်လောက် သူတို့ ဘယ်ခံစားရမလဲ၊
အခုအချိန်မှာ လက်ခံလိုက်ပါပြီ ကျွန်တော့် သူငယ်ချင်း ပြောခဲ့တဲ့ ကိုယ်ချင်းစာတယ်ဆိုတာ . . . မိမိ ကိုယ်တိုင်လောက် အပြည့်အ၀ ခံစားရခြင်းမဟုတ်ဘူးဆိုတာ နားလည်လိုက်ပါပြီ၊

ကျွန်တော် ကိုယ်တိုင် ဒီအမြင်ကို တစ်ချိန်က မှားတယ်လို့ ထင်ခဲ့ပါတယ်၊ တဖက်သားကို စော်ကားရာ ကြမှာပေါ့ လို့ ထင်ခဲ့မိတယ်၊ ဒါတွေဟာတကယ်တော့ လူတိုင်းက ဒီအမြင်ကို မှားတယ်ဆိုရင် . . . . .
အမှန်က အားလုံးသောသူများ ဟန်ဆောင်နေကြတာပါ။ မိမိကိုယ်ကိုမိမိ ညာနေတာနဲ့တူပါတယ်။

(အများနဲ့ မတူတဲ့ ဘက်ကနေ ကျွန်တော် ခံစားကြည့်ခြင်းဖြစ်ပါတယ်။)

မေ့မရနိုင်တဲ့ သူငယ်ချင်းအတွက်

ဖိုးသောကြာ
၂၁-၆-၂၀၀၈ (၀၂း၃၉)

1 comment:

မိုးမှောင် said...

အမှန်ပဲဗျာ.. ကိုယ်ချင်းစာပါတယ်ဆိုတဲ့ စကားက တကယ်တော့ ခရီးသွား ဟန်လွဲပေါ့ပေါ့ ပြောနေကြတဲ့သူတွေ များပါတယ်။ လူဆိုတာက လည်း အတ္တသမားတွေကိုး။ သူ့အတ္တကို ကိုယ့်အတ္တနဲ့ နှိုင်းစာပေးလို့ အဆင်ပြေမှာ မဟုတ်ပါဘူး။